A d v e r t i s e m e n t With Us

နောက်ခံလူ ဂါရီ ကာဟေးကို ချဲလ်ဆီး ၄ နှစ် သက်တမ်းတိုး

ဓာတ်ပုံ - ရိုက်တာ
ချဲလ်ဆီးအသင်းက နောက်တန်းကစားသမား ဂါရီ ကာဟေးကို ၄ နှစ်စာချုပ် သက်တမ်း ထပ်တိုးလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကာဟေးရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ဒီနှစ်ဘောလုံးရာသီအဆုံးမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒီအသင်းမှာ အောင်မြင်မှုတွေ အများကြီးရခဲ့သလို ဆက်လက် သင်ယူစရာတွေနဲ့ လာမယ့်နှစ်တွေမှာ ဆုဖလားတွေ ရယူပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ အင်္ဂလန် နောက်တန်းကစားသမားက ပြောပါတယ်။ ဗဟိုနောက်ခံလူဖြစ်တဲ့ ကာဟေးဟာ ၂၀၁၂ မှာ ဘော်လ်တန်အသင်းက ချဲလ်ဆီးကို ရောက်ရှိလာပြီး ပွဲပေါင်း ၁၇၇ ပွဲ ကစားပေးထားပါတယ်။ ဒီနှစ်ရာသီမှာ ချဲလ်ဆီးအတွက် ၁၀ ပွဲ ကစားပေးထားပြီး သူဟာ အသင်းနဲ့အတူ လိဂ်ဖလား၊ အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို ရယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up