A d v e r t i s e m e n t With Us

ဗလင်စီယာ နည်းပြအဖြစ် မန်ယူနောက်ခံလူဟောင်း နဗီးကို ခန့်အပ်

ဓာတ်ပုံ - ရိုက်တာ
စပိန်လာလီဂါကလပ် ဗလင်စီယာအသင်းက နည်းပြချုပ်အဖြစ် မန်ယူနဲ့ အင်္ဂလန် နောက်တန်းကစားသမားဟောင်း ဂယ်ရီနဗီးကို ခန့်အပ်လိုက်ပါတယ်။ ဗလင်စီယာက နဗီးကို ဒီနှစ် ဘောလုံးရာသီ မကုန်ခင်အထိ နည်းပြအဖြစ် တာဝန်ပေးလိုက်တာပါ။ အသက် ၄၀ အရွယ် နောက်တန်းကစားသမားဟောင်းရဲ့ ညီဖြစ်သူ ဖီးလ်နဗီးဟာလည်း ဗလင်စီယာမှာ လက်ထောက်နည်းပြအဖြစ်နဲ့ လုပ်ကိုင်မှာ ဖြစ်ပါတယ်။ နဗီးဟာ စကိုင်းစပေါ့ရုပ်သံမှာ ဘောလုံးကျွမ်းကျင်သူအဖြစ် လုပ်ကိုင်နေရာကနေ နုတ်ထွက်ပြီး ဗလင်စီယာနည်းပြ အလုပ်ကို လက်ခံလိုက်တာပါ။ သူဟာ ဒီကနေ့မှာ အသင်းဥက္ကဋ္ဌနဲ့အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဗလင်စီယာ နည်းပြသစ်ဟာ လာမယ့် ၉ ရက်နေ့ အိမ်ကွင်းမှာ လီယွန်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပထမဆုံး ပွဲစဉ်အဖြစ် စတင်ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up