A d v e r t i s e m e n t With Us

လိဂ်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များ ထွက်ပေါ်

လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ မန်ချက်စတာစီးတီးက အဲဗာတန်၊ လီဗာပူးက စတုတ်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းက လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ မန်စီးတီးကို လက်ခံယှဉ်ပြိုင်ရမှာပါ။ စတုတ်စီးတီးကလည်း ဆီမီးပထမအကျော့ကို အိမ်ကွင်းမှာ လီဗာပူးနဲ့ ကစားရမှာပါ။ လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို လာမယ့်နှစ် ဇန်န၀ါရီ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ လိဂ်ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံက ချဲလ်ဆီးအသင်း ဖြစ်ပေမယ့် ပြိုင်ပွဲကနေ စောစောစီးစီး နုတ်ဆက်သွားရပါတယ်။ လိဂ်ဖလားပြိုင်ပွဲမှာ လီဗာပူးအသင်းက အအောင်မြင်ဆုံးဖြစ်ပြီး ချန်ပီယံဆု ၈ ကြိမ် ရရှိထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up