သြစတြေးလျတွင် လေပွေတိုက်ခတ်စဉ် ခရီးသွားအမျိုးသမီးတဦး ရုပ်သံမှတ်တမ်းတင် (ရုပ်သံ)

3.3K
သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့က လေပွေတိုက်ခတ်ခဲ့တာကို ခရီးသွားတဦးက ရုပ်သံဗွီဒီယိုနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။
အဲဒီရုပ်သံဗွီဒီယိုဖိုင်ကို ဆူဆန်မေးလ် အမည်ရတဲ့ အမျိုးသမီးက ကားပေါ်ကနေ တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပြီး “ဟစ်ဂင် မုန်တိုင်းစောင့်ကြည့်ရေးအုပ်စု ဖေ့စ်ဘွတ်ခ်စာမျက်နှာ” ပေါ်ကို တင်ခဲ့တာ ဖြစ်တယ်လို့ ယူပီအိုင်သတင်းမှာ ဖော်ပြပါတယ်။
လမ်းမတလျှောက် မွှေ့တိုက်သွားတဲ့ လေပွေကို ကားနဲ့ နောက်ကလိုက် မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး ပါ့ခ်စ်မြို့ “ခြသေ့င်္များဥယျာဉ်” အနီးက လမ်းပေါ်မှာ ဖြစ်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဆူဆန်မေးလ်က “ကျမ မုန်တိုင်းစောင့်ကြည့်သူတယောက် ဖြစ်လာလိမ့်မယ် ထင်တယ်ရှင့်။ ဒါဟာ တော်တော်ကြီးကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်” လို့ အဲဒီ ဗွီဒီယိုဖိုင် အညွှန်းမှာ ရေးခဲ့တာပါ။
ရုပ်သံ - ယူပီအိုင်