A d v e r t i s e m e n t With Us

ဆီးရီးယားရှိ အိုင်အက်စ်နှိမ်နင်းရေး တပ်ဖွဲ့စေလွှတ်ရန် ဂျာမနီအစိုးရ ထောက်ခံ

ဓာတ်ပုံ - ရိုက်တာ
ဆီးရီးယားနိုင်ငံက အိုင်အက်စ်အကြမ်းဖက်တွေ နှိမ်နင်းရေး ဂျာမနီတပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ ဂျာမနီအစိုးရအဖွဲ့က ဒီဇင်ဘာ ၁ ရက်နေ့မှာ ထောက်ခံလိုက်ပါတယ်။ ဂျာမနီလေတပ် ကမ်းထောက်လေယာဉ်တွေ၊ စစ်သင်္ဘောတစီးနဲ့ ဂျာမနီတပ်ဖွဲ့ဝင် ၁၂၀၀ စေလွှတ်မှာဖြစ်ပြီး ဂျာမနီလွှတ်တော် ၂ ရပ်လုံးက အတည်ပြုပေးရဦးမှာ ဖြစ်ပါတယ်။ ဂျာမနီတပ်ဖွဲ့ဝင်တွေကို ဆီးရီးယားနိုင်ငံ စေလွှတ်မှာဖြစ်ပေမယ့် မြေပြင်ထိုးစစ်တွေမှာ တိုက်ရိုက်ပါဝင်မှာ မဟုတ်ပါဘူး။ တကယ်လို့ ဂျာမနီလွှတ်တော်တွေက အတည်ပြုဖြစ်ရင် ပြည်ပနိုင်ငံတခုကို လက်ရှိမှာ ဂျာမနီတပ်အင်အားအများဆုံး စေလွှတ်တာ ဖြစ်လာမှာပါ။ လက်ရှိအချိန်အထိ ဂျာမနီတပ်ဖွဲ့ဝင် အများဆုံး စေလွှတ်ခဲ့တဲ့ နိုင်ငံကတော့ အာဖဂန်နစ္စတန်နိုင်ငံဖြစ်ပြီး နောက်ပိုင်းမှာ တပ်ဖွဲ့ဝင်အင်အား ၁၀၀၀ အထိ လျှော့ချခဲ့တာပါ။ ဗြိတိန်တပ်ဖွဲ့ဝင်တွေ ဆီးရီးယားနိုင်ငံကို စေလွှတ်ဖို့လည်း ဗြိတိန်လွှတ်တော်တွေမှာ ဒီဇင်ဘာ ၂ ရက်နေ့ ဆုံးဖြတ်ဖို့ရှိပါတယ်။ ပြီးခဲ့တဲ့လ ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ အိုင်အက်စ် အကြမ်းဖက်တိုက်ခိုက်မှုတွေအပြီး အိုင်အက်စ် အကြမ်းဖက်နှိမ်နင်းရေးမှာ ဂျာမနီနိုင်ငံ ပါဝင်ဖို့ ပြင်သစ်သမ္မတက တောင်းဆိုလာလို့ ဂျာမနီအစိုးရက အခုလို ဆုံးဖြတ်ခဲ့တာပါ။ ပြီးခဲ့တဲ့တပတ်ကတော့ မာလီနိုင်ငံမှာရှိတဲ့ အိုင်အက်စ် အကြမ်းဖက်တွေကို နှိမ်နင်းရေး ပြင်သစ်တပ်ဖွဲ့ဝင် ၁၅၀၀ နဲ့အတူ ဂျာမနီတပ်ဖွဲ့ဝင် ၆၅၀ ကို စေလွှတ်ဖို့ ဂျာမနီနိုင်ငံက အတည်ပြုထားပြီး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up