A d v e r t i s e m e n t With Us

ဒေါ်စုနှင့်တွေ့ဆုံမှု ရလဒ် ကောင်းမွန်ဟု ကာချုပ်ပြော

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုနဲ့ ပက်သက်ပြီး ကောင်းမွန်တဲ့ တွေ့ဆုံမှုရလဒ်လို့ ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင့်နောင်ခန်းမမှာ ဒီနေ့ နေ့လယ်  တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလို ပြောကြားလိုက်တာပါ။ “ကျနော်တို့ နှစ်ယောက် တိုင်းပြည်အတွက် အကျိုးရှိမယ့်ဟာကို ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူပါတယ်” လို့ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ပြောကြားသွားပါတယ်။ သူတို့နှစ်ဦး တွေ့ဆုံမှုကို ဒီကနေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်မှာ စတင်ပြီး ၁ နာရီလောက် ကြာမြင့်ခဲ့ပါတယ်။ အခု တွေ့ဆုံမှုနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ပေးမယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုသွားပါတယ်။ ဓာတ်ပုံ - နေဖြိုးဝင်း  

A d v e r t i s e m e n t With Us

More News
Up