A d v e r t i s e m e n t With Us

ကျပ်သိန်း ၆၀ ကျော် ကောက်ရသည့် ဆိုက္ကားဆရာ ပိုင်ရှင်ကို ပြန်လည်အပ်နှံ

ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၈ နာရီလောက်က ဟင်္သာတမြို့ ဗိုလ်မြတ်ထွန်းလမ်းမပေါ်ရှိ ဗုဒ္ဓဟူး ဆွမ်းလောင်းဓမ္ဓာရုံနားမှာ ကျပ် သိန်း ၆၀ ကျော်ကို ဆိုက္ကားဆရာတဦးက ကောက်ရခဲ့ပါတယ်။ အဲဒီငွေတွေဟာ ပက်ပ် (PEP) နို့မှုန့်အရောင်းကားကနေ ထွက်ကျခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် ဆိုက္ကားဆရာက ပြန်အပ်နှံခဲ့တာပါ။ ငွေထွက်ကျခဲ့တဲ့ ကုမ္ပဏီဝန်ထမ်း ၂ ဦးက ဆိုက္ကားဆရာကို ၃ သိန်းကျပ် ပေးအပ်ချီးမြှင့် ဂုဏ်ပြုခဲ့ပါတယ်။ ဆိုက္ကားဆရာက "ဒါမျိုးကို ကျနော်တို့ ရိုးသားတဲ့လူတွေအတွက် စံနမူနာထားစေဖို့ ရည်ရွယ်တယ်" လို့ ပြောပါတယ်။ သတင်းဓာတ်ပုံ -  သန်းထိုက်မြင့်  

A d v e r t i s e m e n t With Us

More News
Up