ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဒေးဗစ်ဖလား အနိုင်ရအသင်းတို့ ဒေါင်းနင်းလမ်း အိမ်အမှတ် ၁၀ မှာ ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ဆုံပါတယ်။
ဘယ်ဂျီယံအသင်းကို အနိုင်ရတဲ့ ကမ္ဘာ့အဆင့် ၂ အန်ဒီမာရေးနဲ့ သူ့ညီအစ်ကို ဂျင်မီ၊ ကိုင်လီ အတ်မတ်၊ အသင်းနည်းပြ လီယွန် စမစ်တို့ အပါအ၀င် တခြား အသင်းသားတွေကို ၀န်ကြီးချုပ်က ကြိုဆိုပါတယ်။
ဒေးဗစ်ဖလားကို အခုလို ပြန်ရတာဟာ ၁၉၃၆ နောက်ပိုင်း ပထမဆုံးလည်း ဖြစ်ပါတယ်။
နှစ်ယောက်တွဲပွဲမှာ မာရေးနဲ့ ဂျင်မီတို့ တွဲပြီး အနိုင်ရခဲ့သလို တဦးချင်း ယှဉ်ပြိုင်တဲ့ ၂ ပွဲလုံးမှာလည်း မာရေးကပဲ အနိုင်ရခဲ့ပါတယ်။