တရားမ၀င် ထိုင်း ငါးမိုင်းခွဲစက်လှေတစီး ဖမ်းမိ (သတင်းဓာတ်ပုံ)
DVB
·
December 2, 2015
တရားမ၀င် ထိုင်းငါးဖမ်း ဗုံးခွဲစက်လှေတစီးကို တနင်္သာရီ ရေတပ်မတော် ၅၆၉ က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဖမ်းဆီးပြီး ဒီဇင်ဘာ ၁ ရက်နေ့က မြိတ်မြို့ကို ပို့ဆောင်ပေးခဲ့ပါတယ်။
တရားမ၀င် ထိုင်းငါးမိုင်းခွဲလှေမှာ ထိုင်းပဲ့နင်း ၁ ဦး၊ ဆလုံလူမျိုး ၃ ဦးနဲ့ မြန်မာလူမျိုး ၄ ဦး၊ စုစုပေါင်း ၈ ဦးပါရှိပါတယ်။
တနင်္သာရီရေတပ်မတော်က လိုက်လံဖမ်းဆီးတဲ့အခါ ၆ ဦးက ရေထဲကို ခုန်ချထွက်ပြေးသွားပြီး ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ စက်လှေပေါ်မှာ ငါးမိုင်းခွဲတဲ့အခါ အသုံးပြုတဲ့ စနက်တံတပ်ဆင်ထားပြီး အသင့်ခွဲနိုင်တဲ့ ယမ်းအိုး ၁၀ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ ယမ်းအိုး ၁၀ လုံးဟာ အချိန်မရွေး ထပေါက်ကွဲနိုင်တဲ့အတွက် တနင်္သာရီ ရေတပ်မတော်က ပင်လယ်ထဲကို ပစ်ချဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ ထိုင်းငါးမိုင်းခွဲလှေ၊ မိုင်းခွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းနဲ့ မြန်မာ ၂ ဦးကို ဒီဇင်ဘာ ၁ ရက်နေ့က မြိတ်မြို့ကို ခေါ်ဆောင်လာပြီး အမှုဖွင့် အရေးယူနိုင်ရေး မြိတ်မြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
သတင်းဓာတ်ပုံ - ဇော်ဇော်(မြိတ်)