ကားကျပ်သည့် ဘန်ကောက်တွင် မြေအောက်ရထား၊ မိုးပျံရထားများဖြင့် လည်ပတ်နိုင် (ရုပ်သံ)

3.9K
ထိုင်းနိုင်ငံ ဘန်ကောက်မှာ အမ်အာရ်တီ မြေအောက်နဲ့ မိုးပျံရထားတွေနဲ့ လည်ပတ်နိုင်ပါတယ်။
ဒီလို လည်ပတ်တာဟာ မြန်ဆန်သလို ဈေးနှုန်းလည်း သက်သာတယ်လို့ ဆိုပါတယ်။
အမ်အာရ်တီတွေကို နေ့စဉ် လူ ၂ သိန်းကျော် အသုံးပြုသလို ဒီရထားကို အသုံးပြုပြီး သွားမယ်ဆိုရင်တော့ ကားပိတ်ကားကြပ်တာကို ရှောင်လွှဲနိုင်မယ်လို့ ထိုင်း ဘန်ကောက်ပို့စ်သတင်းရဲ့ ရုပ်သံဖိုင်မှာ ဖော်ပြပါတယ်။
လက်မှတ်တွေကိုလည်း နေ့စဉ်ဖြတ်သန်းခွင့်အတွက် ၁၂၀ ဘတ်၊ ၃ ရက်တာအတွက် ၂၃၀ ဘတ်နဲ့ လစဉ်အတွက်ကတော့ ၁၄၀၀ ဘတ်ကျမယ်လို့ ဆိုပါတယ်။
ကတ်အတွက် စရံငွေ ဘတ် ၅၀ နဲ့ ဘတ် ၃၀ ကတော့ အာမခံကြေးဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုမှမဟုတ်ရင်တော့ ကျသင့်ငွေ ပေးဆောင်ပြီးတော့ လိုအပ်တဲ့ခရီးကို သွားရောက်နိုင်မှာ ဖြစ်ပါတယ်။
ရထားတွေက ၅ မိနစ်ခြားတခါ ထွက်နေသလို ရုံးချိန်တွေမှာတော့ ၃ မိနစ်ခြားတခါ ထွက်တယ်လို့ ဆိုပါတယ်။
ဂိတ်စကနေ အဆုံးထိ သွားရောက်ဖို့ မိနစ် ၃၀ ကြာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမ်အာရ်တီတွေကို အသုံးပြုပြီး ဘန်ကောက်မှာ သွားရောက်နိုင်မယ့် လမ်းကြောင်းတချို့ကိုလည်း ရှင်းပြထားပါတယ်။
၁၉၉၆ နိုဝင်ဘာမှာ အမ်အာရ်တီ ရထားတွေကို တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၀၄ ဇူလိုင်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီရထားအတွက် လမ်းကြောင်းတွေကို တိုးချဲ့တည်ဆောက် လုပ်ကိုင်နေတာတွေလည်း ရှိနေပါတယ်။
ရုပ်သံ - ဘန်ကောက်ပို့စ်