A d v e r t i s e m e n t With Us

ရန်ကုန်မြို့ရဲ့ လမ်းမထက်က အနုပညာပွဲတော် (ရုပ်သံ)

ရန်ကုန်မြို့ရဲ့ လမ်းမထက်က အနုပညာပွဲတော် Yangon Street Art Festival ကို ဒီဇင်ဘာ ၁ ရက်နေ့က စတင်ပြီး ဒီဇင်ဘာ ၆ ရက်နေ့အထိ ရန်ကုန်မြို့ နေရာတချို့မှာ ပြုလုပ်နေပါတယ်။ တော်ဝင်စင်တာရှေ့နဲ့ ပြင်သစ် ယဉ်ကျေးမှုဌာနတို့မှာ လူငယ်တွေရဲ့ ဂရပ်ဖစ်တီ ရေးဆွဲမှုတွေ လက်တွေ့သရုပ်ပြ ဖော်ကျူးရေးဆွဲကြပါတယ်။ တော်ဝင်စင်တာရှေ့မှာ Satan, Jelly, ET, Ko Pyae, YC နဲ့ YE2 စတဲ့ လူငယ် ဂရပ်ဖစ်တီ ပညာရှင်တွေ ပါဝင်ပြီး ပြင်သစ် ယဉ်ကျေးမှုဌာနမှာတော့ MGK, ASH, Rida, Goblin, Devour တို့ကနေ Live Graffiti ရေးဆွဲကြပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းမထက်က အနုပညာပွဲတော် ပြုလုပ်တဲ့ တပတ်တာအတွင်းမှာ လူစည်ကားရာ နေရာတွေမှာ ဂရပ်ဖစ်တီတွေ ရေးဆွဲခြင်း၊ ဟစ်ဟော့ပ်သီချင်းတွေ သီဆိုခြင်းနဲ့ နိုင်ငံတကာ အနုပညာရှင်တွေရဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို နေရာတွေခွဲပြီး ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။ Yangon Street Art Festival ကို ပြင်သစ်ယဉ်ကျေးမှုဌာန၊ Jam it!၊ 1602 အဖွဲ့တို့က ပူးပေါင်းစီစဉ်ပြုလုပ်တာလို့ သိရပါတယ်။ ရုပ်သံ -  ကောင်းထက်ကျော်

A d v e r t i s e m e n t With Us

More News
Up