ကက်ပီတယ်ဝမ်းဖလား ကွာတားဖိုင်နယ် အဲဗာတန်နှင့် စတုတ်တို့ အနိုင်ရ (ရုပ်သံဟိုက်လိုက်)

5.5K
ဒီဇင်ဘာ ၁ ရက် ညက ယှဉ်ပြိုင်သွားတဲ့ ကက်ပီတယ်ဝမ်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ အဲဗာတန်က အဝေးကွင်းမှာ မစ်ဒယ်ဘရော့ကို ၂ ဂိုး ဂိုးမရှိ၊ စတုတ်က အိမ်ကွင်းမှာ ရှက်ဖီးဝက်နက်စ်ဒေးကို ၂ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရသွားပါတယ်။
အဲဗာတန်အတွက် အနိုင်ဂိုးတွေကို ပထမပိုင်း မိနစ်မှာ ဒီလိုဖူ (Gerard Deulofeu) နဲ့ ၂၈ မိနစ်မှာ လူကာကူ (Romelu Lukaku) တို့က သွင်းယူပေးခဲ့ပါတယ်။
စတုတ်နဲ့ ရှက်ဖီးဝက်နက်စ်ဒေးတို့ပွဲစဉ်မှာ စတုတ်အတွက် အနိုင်ဂိုးတွေကို မိနစ် ၃၀ မှာ အဖယ်လေ (Ibrahim Afellay) နဲ့ ၇၅ မိနစ်မှာ ဖီးလ် ဘာ့ဒ်စ်လေ (Phil Bardsley) တို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့ အဲဗာတန်နဲ့ စတုတ်တို့ဟာ ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါပြီ။