A d v e r t i s e m e n t With Us

ကက်ပီတယ်ဝမ်းဖလားပြိုင်ပွဲ မန်စီးတီး ၄ – ၁ ဟူးလ်စီးတီး (ရုပ်သံဟိုက်လိုက်)

ကက်ပီတယ်ဝမ်းဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ဟူးလ်စီးတီးတို့ ဒီဇင်ဘာ ၁ ရက် ညက ယှဉ်ပြိုင်ရာ မန်စီးတီးက အိမ်ကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရသွားပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကို ၁၂ မိနစ်မှာ ဘိုနီ (Wilfried Bony)၊ မိနစ် ၈၀ မှာ လူငယ်တိုက်စစ်မှူး အီဟီရာနာချို (Kelechi Iheanacho)၊ ၈၂ မိနစ်နဲ့ ၈၇ မိနစ်တွေမှာ ကီဗင် ဒီဘရွန်း (Kevin de Bruyne) တဦးတည်း နှစ်ဂိုး ဆက်သွင်းပေးခဲ့တာပါ။ ဟူးလ်စီးတီးအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် မိနစ် ၉၀ မှာ အန်ဒရူး ရောဘတ်စန် (Andrew Robertson) က သွင်းယူပေးခဲ့ပါတယ်။ မန်စီးတီးဟာ ဒီပွဲကို အနိုင်ရတဲ့အတွက် ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up