ဂွာတီမာလာ အကျဉ်းထောင်ဆူပူမှုဖြစ်၊ အကျဉ်းသား ၁၆ ဦး သေဆုံး (ရုပ်သံ)

3.8K
ဂွာတီမာလာ အကျဉ်းထောင်တခုမှာ နိုဝင်ဘာ ၂၉ ရက်နေ့က ထောင်ဆူပူမှုတခု ဖြစ်ခဲ့ပြီး အကျဉ်းသား ၁၆ ဦး သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ အလောင်းတွေကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ စစ်ဆေးနေပါတယ်။
ဂွာတီမာလာမှာ ထောင်ဆူမှုတွေ မကြာခဏ ဖြစ်နေတာ ဒါဟာ ပထမဆုံး မဟုတ်ပါဘူး။
အခုအကျဉ်းထောင်ဟာ မြို့တော်ကနေ မိုင် ၄၀ အကွာမှာရှိပြီး အကျဉ်းသား ၆၀၀ အတွက်ပဲ ဆောက်ထားပေမယ့် တကယ်တမ်း ၃၀၉၂ ဦး ရှိနေတာပါ။
အခြေအနေကို ထိန်းသိမ်းဖို့အတွက် အထူးရဲတပ်ဖွဲ့တွေ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ရောက်သွားပါတယ်။
သေနတ်သံတွေ ကြားရပြီး အကျဉ်းသားတွေ အချင်းချင်း ရန်ဖြစ်တာလည်း တွေ့ရတယ်လို့ မီးသတ်ဌာန ပြောခွင့်ရသူက ပြောပါတယ်။
ရန်ပွဲမှာ တချို့အကျဉ်းသားတွေဟာ အေကေ-၄၇ သေနတ်တွေကို ကိုင်ဆောင်ထားကြတယ်လို့ အရာရှိတွေက ဆိုပါတယ်။
ထောင်တွင်းမှာ ရှင်းလင်းပြီးတဲ့အခါ လူ ၁၆ ဦး သေဆုံးတာ အတည်ပြုနိုင်ပြီး အလောင်းတွေကို ရဲသေမှုသေခင်းအဖွဲ့က စစ်ဆေးနေတယ်လို့ အကျဉ်းထောင်စနစ်ဌာနရဲ့ ပြောခွင့်ရသူက ပြောပါတယ်။