ဘာစီလိုနာအသင်း စပိန်လာလီဂါတွင် ဆု ၅ ခုရ

ဓာတ်ပုံ - ဒေးလီးမေးလ်
1.7K
ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါမှာ ပေးအပ်တဲ့ ပြီးခဲ့တဲ့ ရာသီအတွက် ဆု ၅ ခုကို သိမ်းပိုက် ရရှိသွားပါတယ်။
ဆုတွေကို တိုက်စစ်မှူး မက်ဆီ၊ နေမာ၊ ဂိုးသမား ဘရာဗိုနဲ့ နည်းပြ ဟင်နရီ ကေးတို့က အသီးသီး ဆွတ်ခူးသွားပါတယ်။
ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းက ဆု ၃ ခုကို တိုက်စစ်မှူး ရော်နယ်ဒို၊ ရော်ဒီဂတ်နဲ့ နောက်တန်းလူ ရာမို့စ်တို့က ရသွားပါတယ်။
ဘာကာတိုက်စစ်မှူး မက်ဆီက လာလီဂါရဲ့ အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး တိုက်စစ်မှူးဆုတွေကို ရသွားတာပါ။
မက်ဆီဟာ ဖီဖာပေးအပ်တဲ့ တနှစ်တာအတွက် အကောင်းဆုံး ဆန်ခါတင် ကစားသမား ၃ ဦး စာရင်းမှာလည်း ပါဝင်နေပါတယ်။
တိုက်စစ်မှူး နေမာကတော့ အမေရိကတိုက်က လာကစားတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံးဆုကို ရသွားတာပါ။
ဘာကာဂိုးသမား ဘရာဗိုကတော့ ပြီးခဲ့တဲ့ ရာသီရဲ့ အကောင်းဆုံး ဂိုးသမားဆုကို ရယူသွားပြီး နည်းပြ ဟင်နရီ ကေးကတော့ အကောင်းဆုံး နည်းပြဆုကို သိမ်းပိုက်သွားပါတယ်။