A d v e r t i s e m e n t With Us

အန်အယ်လ်ဒီရုံးချုပ်တွင် ကျင်းပသည့် အေအိုင်ဒီအက်စ်နေ့ အခမ်းအနား (သတင်းဓာတ်ပုံ)

ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အခမ်းအနားကို အန်အယ်လ်ဒီရုံးချုပ်မှာ ဒီဇင်ဘာ ၁ ရက်နေ့က ကျင်းပပါတယ်။ ဒီအခမ်းအနားကို ပါတီနာယက ဦးတင်ဦး၊ ဦးဝင်းထိန်တို့ တက်ရောက်ခဲ့ပါတယ်။ ရွှေညဝါဆရာတော် တက်ရောက် သြဝါဒပေးခဲ့သလို ဟာသ သရုပ်ဆောင် ဗေလုဝကလည်း အားပေးစကား ပြောကြားခဲ့ပါတယ်။ ဦးတင်ဦးက သူ့ရဲ့အားပေးစကားထဲမှာ အစိုးရဟာ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ရေးနဲ့ လူနာတွေကို အကူညီပေးရေး အပိုင်းတွေမှာ အားနည်းခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ သတင်းဓာတ်ပုံ - စိုးသီဟ  

A d v e r t i s e m e n t With Us

More News
Up