A d v e r t i s e m e n t With Us

၁၂ နှစ်သား မက်ဆီ၏ ဘောလုံးကစားဟန်နှင့် သွင်းဂိုး (ရုပ်သံ)

လီယွန်နယ် မက်ဆီရဲ့ ၁၂ နှစ်သားဘ၀က သွင်းယူသွားတဲ့ ဂိုးတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ကို Goal.com ၀က်ဆိုက်မှာ ပြန်လည်ဖော်ပြထားပါတယ်။ ငယ်ရွယ်စဉ် ကျောနံပါတ် ၁၀ ကို ၀တ်ဆင်ကစားခဲ့တဲ့ မက်ဆီရဲ့ ဘောလုံးအရည်အသွေးကို ရုပ်သံဖိုင်မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အသက်ငယ်စဉ်ကလည်း ဘောလုံးကစားရာမှာ မက်ဆီကို ပါရမီရှင်တဦးအဖြစ် သတ်မှတ်ထားပါတယ်။ လက်ရှိအချိန်မှာတော့ ၂၀၁၅ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် နောက်ဆုံး ဆန်ခါတင် ၃ ဦးစာရင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို၊ လီယွန်နယ် မက်ဆီနဲ့ နေမာတို့ ပါဝင်တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ထုတ်ပြန်လိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up