A d v e r t i s e m e n t With Us

အိုင်အက်စ် ရေနံတင်ပို့မှုကို အကာအကွယ်ပေးရန် ရုရှားလေယာဉ်ကို ပစ်ချခဲ့ဟု ပူတင် စွပ်စွဲ

ဓာတ်ပုံ - ရိုက်တာ
အရင်တပတ် တူရကီက ရုရှားစစ်လေယာဉ်ကို ပစ်ချလိုက်တာဟာ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အကြမ်းဖက်အဖွဲ့ရဲ့ ရေနံတင်ပို့မှုကို အကာအကွယ်ပေးဖို့က အကြောင်းရင်းဖြစ်တယ်လို့ ဆိုပြီး ရုရှားသမ္မတ ဘလာဒီမာ ပူတင်က စွပ်စွဲပါတယ်။ ဒီလို ကောက်ချက်ဆွဲနိုင်လောက်အောင် ယုံကြည်လောက်တဲ့ အကြောင်းတွေ ရှိတယ်လို့လည်း ပူတင်က အခိုင်အမာ ပြောပါတယ်။ တူရကီဘက်က ဒီလိုတိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့ အမှားအယွင်းတခု ဖြစ်တယ်လို့ ပါရီ ရာသီဥတု ညီလာခံမှာ ပူတင်က ပြောဆိုလိုက်တာပါ။ ပါရီမှာ တူရကီသမ္မတ အာဒိုဂံလည်း ရောက်နေပေမယ့် သမ္မတ ၂ ဦး နိုဝင်ဘာ ၃၀ ရက်မှာတော့ မတွေ့ခဲ့ကြပါဘူး။ တူရကီသမ္မတကတော့ တူရကီက အစ္စလာမ္မစ် အဖွဲ့ဆီက ရေနံတွေ ၀ယ်ယူနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့က ရုရှား ဗုံးကြဲလေယာဉ်ကို တူရကီက ပစ်ချလိုက်တဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေပါတယ်။ တူရကီဘက်ကတော့ လေပိုင်နက်ကျော်ပြီး ၀င်လာတဲ့အတွက် အကြိမ်ကြိမ် သတိပေးပြီးမှ ပစ်ချလိုက်တာလို့ ပြောပါတယ်။ ရုရှားဗုံးကြဲလေယာဉ်ဟာ လေးနှစ်ကြာ ဆီးရီးယား ပြည်တွင်းစစ်မှာ အာဆတ် အစိုးရဘက်က စစ်ကူပေးနေတုန်း အခုလို ပစ်ချခံလိုက်ရတာပါ။ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ရုရှားသမ္မတ ပူတင်က တူရကီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တဲ့ အမိန့်ကို လက်မှတ်ထိုးခဲ့ပါတယ်။ ဒါကြောင့် နိုဝင်ဘာ ၃၀ ရက်နေ့က စလို့ စိုက်ပျိုးရေး ထုတ်ကုန်တွေကို စပိတ်ပြီး နောက်ထပ် လိုအပ်ရင် ပိတ်ဆို့မှုတွေ တိုးမြှင့်သွားမယ်လို့ ရုရှားဘက်က ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up