ဘိုင်ယန်တိုက်စစ်မှူး မူလာကို ချဲလ်ဆီး ခေါ်ရန် အသင့်ဖြစ်

ဓာတ်ပုံ - ရိုက်တာ
1.9K
ချဲလ်ဆီးအသင်းက ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး သောမတ်စ် မူလာကို မန်ယူနဲ့အပြိုင် ခေါ်ယူဖို့အတွက် အဆင်သင့် ဖြစ်နေတယ်ဆိုပြီး ဗြိတိသျှ မီဒီယာဖြစ်တဲ့ မေယာသတင်းမှာ ဖော်ပြထားပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးဟာ တိုက်စစ်မှူး ကော်စတာရဲ့ နေရာမှာ အစားထိုးဖို့အတွက် ခေါ်ယူချင်တာ ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က စပါးနဲ့ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက တိုက်စစ်မှူး ကော်စတာကို အရန်ထိုင်ခုံပေါ်မှာပဲ ထိုင်ခိုင်းထားပါတယ်။
မန်ယူအသင်းကလည်း အသက် ၂၆ နှစ်အရွယ် ဂျာမနီတိုက်စစ်မှူး မူလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
တိုက်စစ်မှူး မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ခြေစွမ်းပြ ကစားပေးနေသူဖြစ်ပြီး ပွဲပေါင်း ၂၁၁ ပွဲမှာ ၈၄ ဂိုး သွင်းပေးထားပါတယ်။
သူဟာ ဂျာမနီအသင်းအတွက်တော့ ၆၈ ပွဲမှာ ၃၁ ဂိုး သွင်းပေးထားပါတယ်။