A d v e r t i s e m e n t With Us

ကြက်သွန်ဈေး တက်သော်လည်း စိုက်သည့်တောင်သူများ အကျိုးမခံစားရ

အခုနှစ်မှာ ကြက်သွန်ဈေးတွေ အဆမတန် မြင့်တက်လာပေမယ့် ကြက်သွန်စိုက်တောင်သူတွေ အကျိုးအမြတ် မခံစားရဘူးလို့ မုံရွာမြို့အနီး အက်တောကျေးရွာက ကြက်သွန်စိုက် တောင်သူတွေက ပြောပါတယ်။ လက်ရှိအချိန်မှာ ကြက်သွန်ဈေးတွေ ၁ပိဿာ ၄၀၀၀ ကျပ်ထိ ဈေးတက်လာခဲ့ပေမယ့် ကြက်သွန်စိုက် တောင်သူတွေကတော့ အရင်နှစ်တွေကထက် အကျိုးအမြတ် ပိုမရရှိခဲ့ဘူးလို့ ပြောပါတယ်။ တောင်သူတွေမှာ  ငွေကြေးအခက်အခဲကြောင့် ကြက်သွန်တွေကို ကြာရှည် မသိုလှောင်နိုင်ဘဲ ရတဲ့ဈေးနဲ့သာ ရောင်းချခဲ့ကြရပြီး ၁ပိဿာကို ၃၀၀၊ ၄၀၀ ၀န်းကျင်ရရုံနဲ့ ရောင်းချကြရတယ်လို့ ပြောပါတယ်။ ကြက်သွန်တဧကကို စိုက်ပျိုးစရိတ် ၈ သိန်းဝန်းကျင်လောက် ကုန်ကျပြီး အထွက်နှုန်းအားဖြင့် ပိဿာချိန် ၄၀၀၀ မှ ၅၀၀၀ ၀န်းကျင်လောက် ထွက်ရှိတယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up