ရိုးရာအကဖြင့် နယူးဇီလန် ရပ်ဘီသမား အသုဘကို ပို့ဆောင် (ရုပ်သံ)

2.1K
ကွယ်လွန်သူ နယူးဇီလန် ရပ်ဘီသမား ဂျိုနလိုမူး (Jonah Lomu) အသုဘကို မော်ရိယို ဌာနေတိုင်းရင်းသားတွေရဲ့ ဟာခါအကနဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေက လိုက်လံပို့ဆောင်ခဲ့ကြပါတယ်။
ဟာခါအကဟာ တခြားကမ္ဘာတခုကို ထွက်ခွာသွားတဲ့ တစုံတဦးကို လိုက်လံပို့ဆောင်ရာမှာ ကပြလေ့ ရှိပါတယ်။
အော့ကလန် ဧဒင်ပတ်ခ်ကွင်းအတွင်းကို ဂျိနလိုမူးရဲ့ အခေါင်းတလား သယ်ဆောင်လာစဉ်မှာ သူငယ်ချင်းတွေက ဒီအကနဲ့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြတာ ဖြစ်ပါတယ်။
အသုဘအခမ်းအနားမှာ ဇနီးနဲ့ သားတွေကလည်း ချိုးဖြူငှက်တွေကို လွှတ်ပေးခဲ့ပါသေးတယ်။
လိုမူးဟာ နိုဝင်ဘာ ၁၈ ရက်နေ့က ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
ရုပ်သံ - စကိုင်းနယူးစ်