ဥရောပကလပ်အသင်းတခုတွင် တာဝန်ယူရန် နားစွင့်ထားကြောင်း မိုရက်စ် ပြော

ဓာတ်ပုံ - ရိုက်တာ
1.7K
နည်းပြ ဒေးဗစ်မိုရက်စ်က ဥရောပ ကလပ်အသင်းတခုမှာ တာဝန်ယူဖို့အတွက် မျက်စိဖွင့် နားစွင့်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။
နည်းပြ မိုရက်စ်ဟာ နိုဝင်ဘာလထဲမှာ စပိန်လာလီဂါကလပ် ရီးရဲလ်ဆိုစီဒက် နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံထားရပါတယ်။
အသက် ၅၂ နှစ်အရွယ် စကော့တလန်သား နည်းပြဟာ ဥရောပမှာ ပထမဆုံး အတွေ့အကြုံအဖြစ် ရီးရဲလ်ဆိုစီဒက်မှာ နည်းပြတာဝန်ယူကို ယူခဲ့ပါတယ်။
ဒါပေမယ့်လည်း အသင်းရဲ့ရလဒ်တွေ မကောင်းလို့ အထုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
အထုတ်ခံရပေမယ့် လာလီဂါမှာ အတွေ့အကြုံတွေ ရတဲ့အတွက် ကျေနပ်တယ်၊ အဲဒီအတွေ့အကြုံတွေက နောက်ကလပ်တခုမှာ နည်းပြလုပ်ဖို့ ကူညီလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။
သူဟာ ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ အဲဗာတန်နဲ့ မန်ယူတို့မှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။