A d v e r t i s e m e n t With Us

အပြောင်းအရွှေ့ရာသီတွင် တူရကီကစားသမားများကို မခေါ်ရန် ရုရှား တားမြစ်

ရုရှားအားကစားဝန်ကြီး။ (ဓာတ်ပုံ - အီးအက်စ်ပီအန်)
ရုရှားဘောလုံးကလပ်တွေအနေနဲ့ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ တူရကီ ကစားသမားတွေကို ခေါ်ယူခြင်းမပြုဖို့ ရုရှားအစိုးရက တားမြစ်လိုက်ပါတယ်။ ဆီးရီးယားနယ်စပ်မှာ ရုရှားတိုက်လေယာဉ်တစီးကို တူရကီလေတပ်က စစ်လေယာဉ်တွေ ပစ်ချလိုက်လို့ နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားမှုဟာ အားကစားကဏ္ဍအထိပါ ရိုက်ခတ်လာတာ ဖြစ်ပါတယ်။ ရုရှား အားကစားဝန်ကြီးကတော့ လာမယ့် အပြောင်းအရွှေ့ရာသီမှာ ရုရှားကလပ်တွေ အနေနဲ့ တူရကီ ကစားသမားတွေကို ခေါ်ယူတာတွေ မလုပ်ဖို့ အကြောင်းကြားထားတယ်လို့ မီဒီယာတွေကို ပြောဆိုထားပါတယ်။ လောလောဆယ် ရုရှားက တူရကီနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်နေပါတယ်။ အခုလို တူရကီ ကစားသမားတွေကို ခေါ်ယူဖို့ ပိတ်ပင်မှုဟာ လက်ရှိ ရုရှားကလပ်တွေမှာ ကစားနေတဲ့ တူရကီ ကစားသမားတွေအပေါ်မှာ သက်ရောက်မှာ မဟုတ်ဘူးလို့လည်း ရုရှား အားကစားဝန်ကြီးက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up