လေဆင်နှာမောင်း လိုက်ဖမ်းသူများ (ရုပ်သံ)

8.8K
သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားမှာ ပျော်ပွဲရွှင်ပွဲ ကျင်းပနေတုန်း လေဆင်နှာမောင်း အသေးစား ၀င်ရောက်တိုက်ခတ်ခဲ့ပါတယ်။
ဒီလိုတိုက်ခတ်ရာမှာ ပွဲအတွင်း ပါဝင်ဆင်နွှဲနေသူတွေက လေဆင်နှာမောင်းနောက်ကို ပြေးလိုက်ပြီး လေဆင်နှာမောင်းဘေးမှာ ကခုန်ကြပါတယ်။
တချို့က ဒီလေဆင်နှာမောင်း ဗဟိုချက်ထဲကို ၀င်ရောက်ကခုန်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို အင်တာနက် ယူကျုပေါ်တင်ခဲ့ကြပြီး ကြည့်ရှုသူတွေက ပွဲကို ဂီတနဲ့ ပေါင်းစပ်ကာ လေဆင်နှာမောင်းအသေးစားကို ဒူဖ်နာဒိုလို့ အမည်ပေးလိုက်ပါတယ်။