A d v e r t i s e m e n t With Us

အတိုက်အခံခေါင်းဆောင် ၂ ဦးကို ထိုင်းစစ်တပ် ဖမ်းဆီး

ဂျာတူပွန် ပရွန်ပန်နှင့် နာတာဝပ် စိုင်းခွာ (၀ဲ ဒုတိယနှင့် တတိယ)။ (ဓာတ်ပုံ - ရိုက်တာ)
ထိုင်းစစ်တပ်က အတိုက်အခံခေါင်းဆောင် ၂ ဦးကို နိုဝင်ဘာ ၃၀ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ ယူဒီဒီလို့ အတိုကောက်ခေါ်တဲ့ ရှပ်နီအဖွဲ့ခေါင်းဆောင် နာတာဝပ် စိုင်းခွာ (Nattawut Saikua) နဲ့ ဂျာတူပွန် ပရွန်ပန် (Jatuporn Prompan) တို့ကို စစ်တပ်က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ စစ်တပ်လုံခြုံရေးနဲ့ ဖမ်းမသွားခင်မှာ နာတာဝပ်က "ဘုရင်ရုပ်တု တခုအတွက် ဘတ်ငွေ သန်း ၄၀ ကုန်ကျတယ်၊ ကော်မရှင်ကြေးက ၁၀ သန်းစီ ပေးရတယ်၊ ကျနော်တို့ ဒီကိစ္စကို ပြောချင်တယ်" လို့ ပြောသွားပါတယ်။ သူရည်ညွှန်းတဲ့ ဘုရင်ရုပ် ၂ ရုပ်ဟာ ပန်းခြံတခုမှာ ထုလုပ်ထားတာဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုတွေ ရှိတယ်လို့ ထိုင်းမီဒီယာတချို့က သံသယ ဖြစ်နေကြပါတယ်။ ရှပ်နီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ သန်နာဝတ် ၀ီချိုင်ဒစ်က အဖမ်းခံရသူ ၂ ဦးဟာ အဲဒီ ဘုရင်ရုပ်တုတွေကို သွားကြည့်ဖို့နဲ့ အရိုအသေပြုဖို့ အသွားမှာ အဖမ်းခံရတာလို့ ဆိုပါတယ်။ အဖမ်းခံရသူ ၂ ဦးကို ဘန်ကောက်မြို့ရဲ့ အနောက်ဘက်ခြမ်းက စစ်စခန်းတခုဆီကို ခေါ်ဆောင်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up