ရော်နယ်ဒို၊ မက်ဆီနှင့် နေမာတို့ ဖီဖာ ကမ္ဘာ့အကောင်းဆုံး ဆန်ခါတင် စာရင်းဝင်

ဓာတ်ပုံ - mirror
3.9K
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ထုတ်ပြန်လိုက်တဲ့ ၂၀၁၅ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် နောက်ဆုံး ဆန်ခါတင် ၃ ဦးစာရင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို၊ လီယွန်နယ် မက်ဆီနဲ့ နေမာတို့ ပါဝင်နေပါတယ်။
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီတို့ဟာ ဆန်ခါတင် ၃ ဦးစာရင်းမှာ ၈ နှစ်ဆက်တိုက် ပါဝင်လာတာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွ့ယ် ဘရာဇီးနဲ့ ဘာစီလိုနာ တိုက်စစ်မှူး နေမာကတော့ ပထမဆုံး အကြိမ်အဖြစ် ၃ ဦးစာရင်းမှာ ရွေးချယ်ခံရတာပါ။
ရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် အပါအ၀င် စုစုပေါင်း ၃ ကြိမ် ရရှိထားပါတယ်။
မက်ဆီကတော့ ၂၀၀၉ ကနေ ၂၀၁၂ အတွင်း ၄ ကြိမ် ရရှိထားပါတယ်။
ဒီနှစ်ရာသီထဲမှာ အသက် ၂၈ နှစ်အရွယ် မက်ဆီက ဘာစီလိုနာနဲ့ အာဂျင်တီးနားအတွက် ၄၈ ဂိုး သွင်းပေးထားပြီး အသက် ၃၀ အရွယ် ရော်နယ်ဒိုကလည်း ရီးရဲလ်နဲ့ ပေါ်တူဂီအတွက် ၄၈ ဂိုး သွင်းပေးထားပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကိုတော့ လာမယ့် ဇန်န၀ါရီ ၁၁ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မှာ ကြေညာပြီး ပေးအပ်သွားမှာ ဖြစ်ပါတယ်။