Live
Home
သတင်းဓာတ်ပုံ
မုံရွာတွင် နိုင်ငံရေးအကျဉ်းသားဟောင်းတဦး အဖမ်းခံရ (သတင်းဓာတ်ပုံ)
DVB
·
December 1, 2015
မုံရွာမြို့ ရွှေစည်းခုံဘုရားမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲက အပြန် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုရာဇာ (ခေါ်) ကိုထွန်းလင်းအောင်ကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၃၀ ရက် ည ၇ နာရီကျော်လောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း မုံရွာ ဗကသကျောင်းသားအဖွဲ့က မှုံကြီး ခေါ် ကိုဖြိုးဇော်ဦးနဲ့ ကိုရာဇာတို့ကို ရဲစခန်းဆီ လာရောက်ဖို့ ဆင့်ခေါ်စာ ပို့ထားတယ်လို့ သိရပါတယ်။ အခုဖမ်းဆီးမှုမှာ ကိုရာဇာ တဦးတည်းဖြစ်ပြီး ကိုမှုံကြီးကတော့ စစ်ဘေးသင့်ဒေသကို အ၀တ်အထည်တွေ သွားရောက်လှူဒါန်းနေတယ်လို့ ဒေသခံ သတင်းထောက်က ပြောပါတယ်။ သတင်းဓာတ်ပုံ - အောင်ကိုလတ်  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024