A d v e r t i s e m e n t With Us

မုံရွာတွင် နိုင်ငံရေးအကျဉ်းသားဟောင်းတဦး အဖမ်းခံရ (သတင်းဓာတ်ပုံ)

မုံရွာမြို့ ရွှေစည်းခုံဘုရားမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲက အပြန် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုရာဇာ (ခေါ်) ကိုထွန်းလင်းအောင်ကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၃၀ ရက် ည ၇ နာရီကျော်လောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း မုံရွာ ဗကသကျောင်းသားအဖွဲ့က မှုံကြီး ခေါ် ကိုဖြိုးဇော်ဦးနဲ့ ကိုရာဇာတို့ကို ရဲစခန်းဆီ လာရောက်ဖို့ ဆင့်ခေါ်စာ ပို့ထားတယ်လို့ သိရပါတယ်။ အခုဖမ်းဆီးမှုမှာ ကိုရာဇာ တဦးတည်းဖြစ်ပြီး ကိုမှုံကြီးကတော့ စစ်ဘေးသင့်ဒေသကို အ၀တ်အထည်တွေ သွားရောက်လှူဒါန်းနေတယ်လို့ ဒေသခံ သတင်းထောက်က ပြောပါတယ်။ သတင်းဓာတ်ပုံ - အောင်ကိုလတ်  

A d v e r t i s e m e n t With Us

More News
Up