A d v e r t i s e m e n t With Us

ဗာဂျီးနီးယားတွင် ကျောင်းသားများ တင်ဆောင်လာသည့်ကား တိမ်းမှောက်၊ လူ ၃၀ ခန့် ဒဏ်ရာရ

ဓာတ်ပုံ - ၀ါရှင်တန်ပို့စ်
အမေရိကန်ပြည်ထောင်စု ဗာဂျီနီးယားပြည်နယ်မှာ ကောလိပ်ကျောင်းသားတွေကို တင်ဆောင်လာတဲ့ လိုင်းကားတစီး နိုဝင်ဘာ ၂၉ ရက်နေ့က တိမ်းမှောက်ခဲ့လို့ ကျောင်းသား ၃၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ကားပေါ်မှာ လူ ၅၀ လောက်ပါပြီး အများစုက ကျေးဇူးတော်နေ့ အားလပ်ရက်မှာ အိမ်ပြန်ပြီးနောက် ကျောင်းကိုပြန်သွားကြတဲ့ ကောလိပ်ကျောင်းသား ကျောင်းသူတွေ ဖြစ်ပါတယ်။ အဝေးပြေးလမ်းပေါ်မှာ ကားတိမ်းမှောက်ခဲ့ပြီးနောက် ပွန်းပဲ့ ဒဏ်ရာရခဲ့သူ အများစုကို အနီးအနားက ဆေးရုံတွေကို ခွဲပို့ခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up