A d v e r t i s e m e n t With Us

အင်တာမီလန်ကို အနိုင်ယူပြီး နာပိုလီ အမှတ်ပေးဇယားထိပ်ရောက် (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၃၀ ရက်က ယှဉ်ပြိုင်သွားတဲ့ အီတလီ စီးရီးအေ ဘောလုံးပြိုင်ပွဲမှာ နာပိုလီက အင်တာမီလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ ၂ သင်း ဆုံတာဖြစ်လို့ အကြိတ်အနယ်နဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ အိမ်ရှင် နာပိုလီအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၂ မိနစ်မှာ တိုက်စစ်မှူး ဟီဂူရီရန်က သွင်းယူပါတယ်။ အင်တာမီလန်က နောက်တန်းလူ နာဂါမိုတို ကစားတာ ကြမ်းလို့ ၄၄ မိနစ်မှာ အထုတ်ခံရပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ နာပိုလီက တယောက်လျော့ အင်တာဘက်ကို ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။ နာပိုလီအတွက် ဒုတိယ ဦးဆောင်ဂိုးကိုလည်း တိုက်စစ်မှူး ဟီဂူရီရန်ကပဲ ၆၂ မိနစ်မှာ သွင်းယူပါတယ်။ အင်တာမီလန်အတွက် တလုံးတည်းသော ချေပဂိုးကို ၆၇ မိနစ်မှာ သွင်းယူပြီး အရှုံးပေးလိုက်ရပါတယ်။ ဒီပွဲနိုင်တဲ့ နာပိုလီက ၃၁ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ကို ရောက်သွားပြီး အင်တာမီလန်က အမှတ် ၃၀ နဲ့ ဒုတိယနေရာကို လျှောကျသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up