A d v e r t i s e m e n t With Us

ဂေါ်ရီလာ မျောက်ဝံထံမှ လက်ခလယ် ကွေးညွတ်ပြဖို့ သင်ယူသည့် ကလေးငယ် (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ အိုဟိုင်းအိုပြည်နယ်၊ ကိုလံဘတ်စ် တိရစ္ဆာန်ဥယျာဉ်ထဲမှာ ကလေးငယ်တဦးဟာ ဂေါ်ရီလာမျောက်ဝံတကောင်ဆီကနေ လက်ခလယ်ကို ကွေးညွတ်ဖို့ သင်ယူခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ဟပ်ဖင်တန်ပို့စ်သတင်းမှာ နိုဝင်ဘာ ၂၇ ရက်နေ့က ဖော်ပြပါတယ်။ ရစ်လေမက်ဒီဆန် အမည်ရတဲ့ ကလေးငယ်ဟာ လက်ချောင်းတွေကို ဖြန့်ကားပြတဲ့ ဂေါ်ရီလာမျောက်ဝံအနီးကို ကပ်ပြီး သင်ယူနေချိန်မှာ သူ့ရဲ့မိခင်က ဗွီဒီယိုရိုက်ယူနိုင်ခဲ့တာပါ။ ရစ်လေဟာ သူ့မိခင်ကို “သူ (ဂေါ်ရီလာမျောက်ဝံ) က ခုလို ဘာလို့လုပ်နေတာလဲ” လို့ မေးခဲ့ပြီး သူ့မိခင်က “လက်ခလယ်ကို ထောင်ပြတယ်။ သူက မေမေတို့ကို တခုခု ပြောချင်တယ်လို့ ထင်တာလား” လို့ ပြန်မေးခဲ့ပါတယ်။ “ရစ်လေမက်ဒီဆန်ရဲ့ စွန့်စားခန်းများ” လို့ အမည်ပေးထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို သူ့မိခင်က ယူကျူအင်တာနက်စာမျက်နှာပေါ် တင်ခဲ့ချိန်မှာ လူတွေရဲ့ စိတ်ဝင်စားမှုတွေ ရခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာတော့ ၃ နှစ်သမီး ရစ်လေရဲ့ တိရစ္ဆာန်ရုံမှာ တနေ့တာဖြတ်သန်းမှုတွေကို ရိုက်ပြခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up