သွေးကင်ဆာဝေဒနာသည် ကလေးငယ်များအတွက် ခရစ္စမတ်ဘိုးဘိုး အပြေးပြိုင်ပွဲ

ဓာတ်ပုံ - ရိုက်တာ
687
သွေးကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးငယ်တွေကို အကူအညီပေးနိုင်ဖို့ ရန်ပုံငွေရှာတဲ့ အစီအစဉ်တခုအနေနဲ့ ရှန်ဟိုင်းမှာ ခရစ္စမတ်ဘိုးဘိုးတွေရဲ့ အပြေးပြိုင်ပွဲတခုကို နိုဝင်ဘာ ၂၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဟောင်ပူး မြစ်ကမ်းပါးကို ဖြတ်ပြီး ပြေးရတဲ့ ပြိုင်ပွဲမှာ ဆန်တာကလော့ဝတ်စုံနဲ့ လူထောင်နဲ့ချီ ပါဝင်ခဲ့ပါတယ်။
ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာစတင်ပြီး ပါဝင်သူတွေဟာ ၅ ကီလိုမီတာ ဒါမှမဟုတ် ၁၀ ကီလိုမီတာ ပြိုင်ပွဲ ၂ ခုထဲက တခုကို ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်ကြပါတယ်။
ပြိုင်ပွဲကို ဖူးဒေါင်း ရှန်ဂလီလာ ဟိုတယ်က စီစဉ်တာဖြစ်ပြီး ပြိုင်ပွဲဝင်တွေဟာ ယွမ်ငွေ ၁၅၀ ၀င်ကြေးပေးရပါတယ်။
ဒါပေမယ့် ပြိုင်ပွဲမှာ အနိုင်ရသူတော့ မရှိပါဘူး။ ပန်းတိုင်အရောက် ပြေးနိုင်တဲ့ ပြိုင်ပွဲဝင်တိုင်းကို ဆုတံဆိပ် ချီးမြှင့်တဲ့ အစီအစဉ်ပဲ ရှိပါတယ်။