A d v e r t i s e m e n t With Us

ဂျာမန် ဘွန်ဒတ်စ်လီဂါ ဒေါ့မွန် ၄ – ၁ စတုဂတ် (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၂၉ ရက်က ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဒေါ့မွန်က စတုဂတ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒေါ့မွန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၂ မိနစ်ကျော်လောက်မှာ ကာစထိုက သွင်းယူပါတယ်။ ဒုတိယဂိုးကိုတော့ တိုက်စစ်မှူး အာဘာမီရန်းက သွင်းယူပါတယ်။ တိုက်စစ်မှူး အာဘာမီရန်းဟာ ဒီနှစ်ရာသီထဲမှာ ခြေစွမ်းပြနေလို့ အသင်းကြီးတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရသူ ဖြစ်ပါတယ်။ ဧည့်သည် စတုဂတ်အတွက် ချေပဂိုးကို လူကျွံဘော ထောက်ချောက်က လွတ်ထွက်လာတဲ့ အလုံးကနေ သွင်းယူပါတယ်။ ဒီပွဲမှာ ဒေါ့မွန်ကပဲ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။ တတိယဂိုးကို စတုဂတ် နောက်ခံလူ ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ ပွဲပြီးကာနီးမှာ ဒေါ့မွန်အတွက် အပိတ်ဂိုးကို အာဘာမီယန်းက သွင်းယူပြီး အနိုင်ရသွားပါတယ်။ ဒီဂိုးဟာ တိုက်စစ်မှူး အာဘာမီယန်းအတွက် ဒီရာသီ ၁၇ ဂိုးမြောက် သွင်းယူနိုင်တာ ဖြစ်ပါတယ်။ ဒီပွဲနိုင်တဲ့ ဒေါ့မွန်က ၃၂ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေပြီး ဇယားထိပ်က ဘိုင်ယန်မြူးနစ်ရဲ့ နောက် ၈ မှတ်အကွာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up