Home
မြန်မာသတင်း
ကသာနှင့် အင်းတော်မြို့များတွင် မူးယစ်ဆေးသုံးစွဲသူ တနေ့တခြား များပြား
DVB
·
November 30, 2015
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်နဲ့ အင်းတော်မြို့နယ်တွေမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ တနေ့တခြား များပြားလာတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ ဖမ်းဆီးအရေးယူမှု ရှိပေမယ့် လုံးဝ ပျောက်ကွယ်သွားတာမျိုး မဟုတ်ဘဲ တနေရာကနေ တနေရာကို ရွှေပြောင်းပြီး ရောင်းချနေကြတာလို့ ပြောပါတယ်။ ကသာမြို့ အရှေ့ဘက်ကမ်းဖြစ်တဲ့ ရှမ်းပြည်နယ်စပ် ရွှေလီငါးအိုးကျေးရွာ၊ ကူးကာကျေးရွာအုပ်စု ထောင့်တလီကျေးရွာ၊ ပုလွေရွှေကျေးရွာအုပ်စု အင်းဒရန့်ကျေးရွာ၊ ဆင်ကုန်းကျေးရွာ၊ ကျောက်ထုံးကြီး စံပြကျေးရွာနဲ့ မာဂရီ ကျေးရွာတွေမှာ မူးယစ်မှောင်ခိုသမား အများစုဟာ ခြေကုပ်ယူပြီး ဖြန့်ဖြူး ရောင်းချနေတယ်လို့ ဆိုပါတယ်။ ကသာမြို့အထက်ပိုင်း နှစ်မိုင်ခန့်အကွာရှိ မိသလင်း ကျေးရွာအုပ်စု၊ သာစည်ကျေးရွာနဲ့ ပေကုန်းကျေးရွာ သင်္ချိုင်းကုန်းနဲ့ ကသာမြို့ ပိန္နဲကုန်း၊ အောင်မြေသာစည် တံတားအနီး တောစပ်၊ ကသာမြို့ အောက်ဘက်ရှိ အောင်ချမ်းသာကျေးရွာအနောက် တောစပ်တို့မှာ မူးယစ်ဆေးသုံးစွဲပြီး စွန့်ပစ်ထားတဲ့ ဆလင်းပိုက်အများအပြားကို တွေ့ရှိရပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲတွေထဲမှာ လူငယ်လူရွယ် အများစုပါဝင်ပြီး အရွယ်ရောက်ခါစ ကျောင်းသားတွေလည်း ပါတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးသယ်ဆောင်သူ အများစုဟာ ကျွဲ နွားတွေကို တရုတ်ပြည်နယ်စပ် မှောင်ခိုတင်ပို့ ရောင်းချရာက အပြန်ခရီးမှာ သယ်ဆောင်လာကြတာလို့ ဒေသခံတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024