ပရီးမီးယားလိဂ်ပွဲစဉ် နောဝစ်ခ်ျ ၁ – ၁ အာဆင်နယ် (ရုပ်သံဟိုက်လိုက်)

2.6K
ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ အဖြစ် နောဝစ်ခ်ျအသင်းနဲ့ အာဆင်နယ်တို့ နိုဝင်ဘာ ၂၉ ရက်ညက ယှဉ်ပြိုင်ကစားရာ တဘက်တဂိုးစီနဲ့ သရေကျသွားပါတယ်။
နောဝစ်ခ်ျကွင်းမှာ ကစားရတဲ့ ဒီပွဲမှာ ဧည့်သည် အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ပထမပိုင်း မိနစ် ၃၀ မှာ အိုဇေးလ်က (Mesut Oezil) သွင်းယူပေးခဲ့ပါတယ်။
အိမ်ရှင်နောဝစ်ခ်ျအတွက် ချေပဂိုးကိုတော့ ပထမပိုင်း ၄၃ မိနစ်မှာပဲ လူးဝစ္စ ဘရက်ဘန် (Lewis Grabban) က သွင်းယူပေးခဲ့တာပါ။
အဲဒီနောက် ကျန်ပွဲချိန်တွေမှာ တဘက်နဲ့တဘက် ဂိုးထပ်မသွင်းနိုင်ဘဲ သရေပွဲနဲ့ အဆုံးသတ်သွားပါတယ်။
ဒီပွဲအပြီးမှာတော့ အာဆင်နယ်က ၂၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာ၊ နောဝ်ခ်ျက ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၆ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။