A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ်ပွဲစဉ် ၀က်စ်ဟမ်း ၁ – ၁ ၀က်စ်ဘရွန်း (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၂၉ ရက်နေ့ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ မှာ ၀က်စ်ဟမ်းအသင်းနဲ့ ၀က်စ်ဘရွန်းတို့ ၁ ဂိုးစီ သရေကျသွားပါတယ်။ ၀က်စ်ဟမ်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ နိုင်ပွဲမရှိသေးလို့ ဒီပွဲမှာ ပွဲစကတည်းက ကစားအားတင်ပြီး ယှဉ်ပြိုင်သွားပါတယ်။ ဦးဆောင်ဂိုးကို ၁၇ မိနစ်မှာ ဇာရက်တီက ဖရီးကစ်ကနေ တိုက်ရိုက်သွင်းယူပါတယ်။ ပထမပိုင်း တပိုင်းလုံးကို ၀က်စ်ဟမ်းက ခြေအသာနဲ့ ဖိကစားနိုင်ခဲ့ပါတယ်။ ၀က်စ်ဘရွန်းအတွက် ချေပဂိုးကို မိနစ် ၅၀ မှာ ၀က်စ်ဟမ်းနောက်ခံလူ ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ ချေပဂိုး ပေးလိုက်ရပြီးနောက်ပိုင်း ၀က်စ်ဟမ်းအသင်း ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဖိကစားနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။ ဒီပွဲသရေကျလို့ ၀က်စ်ဟမ်းက ၂၂ မှတ်နဲ့ အဆင့် ၇ မှာရှိနေပြီး ၀က်စ်ဘရွန်းက ၁၈ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up