A d v e r t i s e m e n t With Us

စိတ်ကျန်းမာရေးမြှင့်တင်ရန် ရည်ရွယ်သည့် အကျဉ်းသားများ ကပွဲ (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း၊ ကျန်ဇီခရိုင်၊ ယူကျန်းအကျဉ်းထောင်မှာ နိုဝင်ဘာ ၂၇ ရက်နေ့က အကျဉ်းသား ၆၀၀ ကျော်ပါဝင်တဲ့ စတုရန်းကကွက်ဖော် သရုပ်ပြပွဲကို ကျင်းပခဲ့ပါတယ်။ စိတ်ကျန်းမာရေးမြှင့်တင်ဖို့ ရည်ရွယ်ကျင်းပတဲ့ ဒီသရုပ်ပြပွဲမှာ အကျဉ်းသားတွေဟာ “မင်းပျော်ရွှင်နေတယ်ဆိုရင် မင်းသိပါတယ်။ လက်ခုပ်တီးလိုက်ပါ” လို့ အမည်ရတဲ့ သီချင်းနဲ့အတူ ပါဝင်ဆင်နွှဲခဲ့ကြတာဖြစ်ပြီး သူတို့ထဲက တချို့ဟာ တိုင်ချီရိုးရာ အကနဲ့အတူ စည်းချက်ညီညီနဲ့ ပါဝင်ကပြခဲ့ကြတာပါ။ အဲဒီအကသရုပ်ပြပွဲကို အကျဉ်းသားတွေရဲ့ မိသားစုဆွေမျိုးဦးတွေ တက်ရောက်အားပေးခဲ့ကြတယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up