A d v e r t i s e m e n t With Us

စပိန်လာလီဂါပွဲစဉ် အီဘာ ၀ – ၂ ရီးရဲလ်မက်ဒရစ် (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၂၉ ရက်ညက ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါပွဲစဉ် ၁၃ မှာ နာမည်ကြီး ရီးရဲလ်မက်ဒရစ်က အီဘာအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ရီးရဲလ်ဟာ ပြီးခဲ့တဲ့တပတ်မှာ ပြိုင်ဘက် ဘာစီလိုနာကို ၄ ဂိုးပြတ်နဲ့ ရှုံးထားလို့ နည်းပြ ဘင်နီတက်ဇ်လည်း ဖိအားတွေအောက်မှာ ရုန်းကန်းခဲ့ရပါတယ်။ အဝေးကွင်းမှာ ကစားတဲ့ ဒီပွဲမှာ ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ၄၃ မိနစ်မှာ တိုက်စစ်မှူး ဘေးလ်က သွင်းယူပါတယ်။ ဒီပွဲမှာ ရီးရဲလ်အသင်းက ဘောလုံးကိုင်ကစားသွားပြီး အီဘာက တန်ပြန်တိုက်စစ်တွေကို အသုံးပြု ယှဉ်ပြိုင်သွားပါတယ်။ ရီးရဲလ်အတွက် ဒုတိယဂိုးကို တဘက်နောက်ခံလူရဲ့ ဖျက်ထုတ်မှုကြောင့် ပယ်နယ်တီရခဲ့ပြီး အဲဒီပင်နယ်တီကို တိုက်စစ်မှူး ရော်နယ်ဒိုက သွင်းယူပြီး ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်လို့ ရီးရဲလ်က ၂၇ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က ဘာစီလိုနာရဲ့နောက် ၆ မှတ်အကွာနဲ့ ဒုတိယနေရမှာ ရပ်တည်နေပါတယ်။ အီဘာကတော့ အမှတ် ၂၀ နဲ့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up