A d v e r t i s e m e n t With Us

အလေးချိန် ၄ တန်နီးပါးခန့် ဝေလငါးကြီး သောင်တင်

တရုတ်နိုင်ငံ၊ ရှန်ဒေါင်းခရိုင်၊ ရီဂျောင်မြို့ကမ်းရိုးတန်းမှာ နိုဝင်ဘာလ ၂၈ ရက်နေ့က အလေးချိန် ၃ ဒဿမ ၇ တန်ရှိတဲ့ ဝေလငါးသေတကောင်ကို တွေ့ရှိခဲ့ပါတယ်။ အရှည် ၈ ဒဿမ ၅ မီတာရှိတဲ့ အဲဒီဝေလငါးကြီးကို တွေ့ရှိခဲ့တဲ့ ရွာသားတွေက သက်ဆိုင်ရာ ရေကြောင်းနဲ့ ငါးလုပ်ငန်းဌာနကို အကြောင်းကြားခဲ့ကြတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ သက်ဆိုင်ရာဝန်ထမ်းတွေက အဲဒီဝေလငါးဟာ ငါးဖမ်းပိုက်ထဲမှာ လည်ပင်းကို ညှစ်သတ်သလိုဖြစ်ပြီး သေဆုံးသွားခဲ့တာဖြစ်နိုင်ပြီး လက်ရှိမှာတော့ ဆက်လက်စုံစမ်း စစ်ဆေးမှုတွေလုပ်နိုင်ဖို့ အအေးခန်းထဲမှာ ထားရှိတယ်လို့ ဆိုပါတယ်။ ဝေလငါးနဲ့ လင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့အဆိုအရ ကုလသမဂ္ဂအဖွဲ့က ၁၉၈၆ ခုနှစ်မှာ ဝေလငါး ဖမ်းဆီးသတ်ဖြတ်ခွင့် တားဆီးခဲ့ချိန်တည်းက ဝေလငါး ကောင်ရေ ၃၆,၇၇၃ ကောင်ဟာ စီးပွားဖြစ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီလိုတားဆီးထားခဲ့ပေမယ့် ဂျပန်၊ နော်ဝေးနဲ့ အိုက်စ်လန်နိုင်ငံတွေမှာတော့ ဆက်လက်ဖမ်းဆီးမှုတွေ ရှိနေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up