A d v e r t i s e m e n t With Us

အမေရိကန် ဆေးခန်းပစ်ခတ်မှု ၃ ဦးသေဆုံး၊ ပစ်ခတ်သူကို ဖမ်းမိ

အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒို စပရင်းမြို့က မိသားစုစီမံကိန်းဆေးခန်းတခုမှာ နိုဝင်ဘာ ၂၈ ရက်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ ရဲတပ်ဖွဲ့ဝင်တဦးပါအ၀င် လူ ၃ ဦးသေဆုံးသွားပါတယ်။ သေနတ်သမားဟာလည်း ၅ နာရီကြာ အ၀ိုင်းခံရပြီး လက်နက်ချ အဖမ်းခံတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲနဲ့သေနတ်သမားတို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း ဆေးခန်းထဲမှာ လူတချို့လည်း ပိတ်မိခဲ့ပါတယ်။ သေနတ်သမားဟာ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်ကဖြစ်ပြီး ဘာကြောင့် ပစ်ခတ်တယ်ဆိုတာကတော့ မရှင်းလင်းသေးပါဘူး။ ဒီမိသားစုစီမံကိန်းဆေးခန်းကို ကိုယ်ဝန်ပျက်ချမှု ဆန့်ကျင်လှုပ်ရှားသူတွေ မကြာခဏ ဆန္ဒပြနေတဲ့ နေရာတခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီသေနတ်ပစ်ခတ်မှုအပြီး သမ္မတအိုဘားမားက အမေရိကန်ပြည်ထောင်စုမှာ သေနတ်တွေ လိုချင်သလိုရရှိနေပြီး လမ်းမမှာ လူတွေ အကြောင်းမဲ့ပစ်ခတ်ခံနေရတာ တခုခုတော့ လုပ်ကိုလုပ်မှဖြစ်တော့မယ်လို့ ပြောဆိုပါတယ်။ သေနတ်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး လက်နက်ထိန်းချုပ်ရေး ထိထိရောက်ရောက် မလုပ်နိုင်တဲ့အပေါ်မှာလည်း စိတ်ပျက်တယ်လို့ သမ္မတ အိုဘားမားက အရင်က ပြောဆိုခဲ့ဖူးပါတယ်။  

A d v e r t i s e m e n t With Us

More News
Up