လူပုံစံတူ ရွေ့လျားအရုပ် တီထွင်နိုင်ခဲ့သည့် အဘိုးအို (ရုပ်သံ)

1.5K
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၊ ဂျီလင်းခရိုင်ထဲက အသက် ၆၃ နှစ်အရွယ် အငြိမ်းစား အဘိုးအိုတဦးဟာ ရိုဘော့နည်းပညာအသုံးပြုပြီး လူပုံစံတူအရုပ်ကို တီထွင်နိုင်ခဲ့ပါတယ်။
အရပ်အမြင့် ၁ ဒဿမ ၇ မီတာရှိတဲ့ အဲဒီအရုပ်ဟာ လည်ပင်း၊ ခါးနဲ့ ခြေလက်အင်္ဂါတွေပါ ရွေ့လျားနိုင်ပြီး မျက်တောင်ခပ်တာတွေ၊ ဂီတနဲ့အတူ ကခုန်တာတွေပါ လုပ်နိုင်ပါတယ်။
လီဇူချန်းအမည်ရ အဲဒီအဘိုးအိုဟာ အဲဒီအရုပ်ကို တီထွင်ဖို့ အချိန် ၈ နှစ်ကြာမြင့်ခဲ့ပြီး ဒေသတွင်း အရောင်းစတိုးတခုကို ရောက်ခဲ့ရာက စိတ်ကူးရခဲ့တယ်လို့ ဆိုပါတယ်။
လီက “ကျနော် စတိုးဆိုင်တခုမှာ ဈေးဝယ်ထွက်တုန်းက အ၀တ်အစားတွေဝတ် ဆင်ပေးထားတဲ့ လူပုံစံတူအရုပ်တွေ အများကြီးတွေ့ခဲ့တယ်။ အရုပ်တွေမှာ တခုခုပျောက် ဆုံးနေသလို ခံစားရတယ်။ အရုပ်တွေလည်း ရွေ့လျားသင့်တယ်။ အဲဒီအချိန်ကတည်းက ကျနော်ဆုံးဖြတ်ခဲ့တယ်။ ကျနော်အငြိမ်းစားယူချိန်ကျရင် ရိုဘော့နည်းပညာသုံး ရွေ့ လျားနိုင်တဲ့ လူပုံစံတူ အရုပ်တီထွင်မယ်လို့” ပြောပါတယ်။
လီဟာ စက်ပြင်တယောက်အဖြစ်အသက်မွေးခဲ့တာဖြစ်ပြီး လျှပ်စစ်နဲ့ပတ်သက်ပြီး ဘာမှမသိဘူးလို့ဆိုပါတယ်။
သူဟာ လူပုံစံတူအရုပ်တီထွင်မှုအောင်မြင်ဖို့ နှစ်ပေါင်းများစွာလေ့လာခဲ့ရပြီး မိတ် ဆွေသူငယ်ချင်းတွေကို အကြိမ်ရာနဲ့ချီပြသခဲ့ရတာပါ။
“ကျနော် ကွန်ပျူတာစနစ်သုံးချစ်ပ်ပြားတွေ၊ တခြားဆားကစ်နဲ့ဆိုင်တဲ့ အခြေခံတွေကို လေ့လာခဲ့ရတာပါ။ တခါတရံမှာ အကြမ်းရေးခြစ်ထားတာတွေပြီးပေမယ့် ရှုပ် ထွေးနေတာတွေလည်း ရှိတယ်” လို့ လီက ပြောပါတယ်။
ခုလိုတီထွင်မှုအတွက် လီဟာ ယွမ်ငွေ ၁ သိန်းခွဲလောက်ကုန်ကျခဲ့ရပြီး တီထွင်မှု ဆိုင်ရာမူပိုင်ခွင့်အတွက် စဉ်းစားနေကာ ဖွံ့ဖြိုးတိုးတက်အောင်ဆက်လုပ်သွားမယ်လို့ ဆို ပါတယ်။