A d v e r t i s e m e n t With Us

ရေဆိုးမြောင်းထဲ ပိတ်မိနေသည့် ဆယ်ကျော်သက်ကို ကယ်တင်(ရုပ်သံ)

တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမြို့မှာ ရေဆိုးမြောင်းတခုထဲ ချော်ကျကာပိတ်မိနေခဲ့တဲ့ ဆယ်ကျော်သက်ကလေးတဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်ခဲ့ကြပါတယ်။ အသက် ၁၅ နှစ်အရွယ် အဲဒီကလေးဟာ သူ့ပိုက်ဆံအိတ်ကို ရှာဖွေဖို့အတွက် ရေ ဆိုးမြောင်းထဲကို လျှောဆင်းခဲ့တာဖြစ်ပြီး မြောင်းထဲပိတ်မိနေခဲ့တာဖြစ်တယ်လို့ စီစီတီဗွီ သတင်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ဖော်ပြပါတယ်။ ကံကောင်းထောက်မစွာပဲ သူ့သူငယ်ချင်းတွေက သူပြန်မထွက်နိုင်တာကိုသတိ ပြုမိသွားလို့ ရဲတွေကို အကူအညီတောင်းခဲ့တာပါ။ အဲဒီနောက် ကယ်ဆယ်ရေးလုပ်သားတွေဟာ အဲဒီနေရာကိုရောက်လာပြီး သူ့ကို လေးနာရီကြာ ရေဆိုးမြောင်းထဲက ဖယ်ထုတ်ကယ်တင်ခဲ့ရကာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ သတင်းက ဆိုပါတယ်။ ရုပ်သံ - စီစီတီဗွီ

A d v e r t i s e m e n t With Us

More News
Up