Wednesday, May 31, 2023
HomeLead Storyစစ်အုပ်ချုပ်ရေး ရုပ်သိမ်းအပြီး ၁၀ ရက်အကြာ ကိုးကန့်တွင် ပစ်ခတ်မှု ပြန်ဖြစ်

စစ်အုပ်ချုပ်ရေး ရုပ်သိမ်းအပြီး ၁၀ ရက်အကြာ ကိုးကန့်တွင် ပစ်ခတ်မှု ပြန်ဖြစ်

ကိုးကန့်ဒေသမှာ စစ်အုပ်ချုပ်ရေးရုပ်သိမ်းပြီး ၁၀ ရက်အကြာ နိုဝင်ဘာ ၂၇ ရက်က ကိုးကန့်တပ်ဖွဲ့က လောက်ကိုင်မြို့ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။

တိုက်ခိုက်မှုအတွင်း အဆောက်အဦအချို့ ထိမှန်ခဲ့ပေမယ့် လူအသေအပျောက် မရှိခဲ့ပါဘူး။

အစိုးရက ကိုးကန့်ဒေသစစ်အုပ်ချုပ်ရေးကို နိုဝင်ဘာ ၁၇ ရက်မှာ ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်း အခုပစ်ခတ်တိုက်ခိုက်မှု ပထမအကြိမ် ပြန်ဖြစ်ပွားခဲ့တာပါ။

ကိုးကန့်ဒေသမှာ ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်တပ်တွေနဲ့ အစိုးရတပ်တွေအကြား ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၉ ရက်ကစပြီး တိုက်ပွဲတွေ အပြင်းထန်ဖြစ်ပွားခဲ့တာကြောင့် အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားရတာပါ။

ဖေဖော်ဝါရီ ၁၇ ရက်မှာ ပထမအကြိမ် ရက် ၉၀ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး မေ ၁၈ ရက်မှာ ဒုတိယအကြိမ်ရက် ၉၀ သက်တမ်းထပ်တိုးကာ၊   သြဂုတ် ၁၈ ရက်မှာ တတိယအကြိမ်  ရက် ၉၀ သက်တမ်းထပ်တိုးခဲ့ရတဲ့တွက် စုစုပေါင်း ကိုးကန့်မှာ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့ရတဲ့ ကာလ ၉ လကြာမြင့်ခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular