A d v e r t i s e m e n t With Us

အီတလီစီးရီးအေ အေစီမီလန် ၄-၁ ဆမ်ဒိုးရီးယား (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၂၈ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီ စီးရီးအေပွဲစဉ်မှာတော့ အေစီမီလန်အသင်းက ဆမ်ဒိုးရီးယားအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ အေစီမီလန်အသင်းအတွက် အနိုင်ဂိုးတွေကို ဘိုနာဗန်တူရာက ၁၆ မိနစ်မှာ ၁ ဂိုး၊ အမ်ဘေးနိုင်းက ၃၀ မိနစ်မှာ ပင်နယ်တီ ၁ ဂိုး နဲ့ ၄၉ မိနစ်မှာ ၁ ဂိုး၊ ၇၉ မိနစ်မှာ အန်ဒရီနိုက ၁ ဂိုး သွင်းယူခဲ့တာပါ။ ဆမ်ဒိုးရီးယားအသင်းအတွက် ချေပဂိုး ၁ ဂိုး ကိုတော့ ပွဲချိန် ၈၇ မိနစ်မှာ အဲဒါက ပင်နယ်တီကတဆင့် သွင်းယူပေးခဲ့တာပါ။ အေစီမီလန်အသင်းဟာ ဒီပွဲအနိုင်ကြောင့် ၁၄ ပွဲကစား ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ မှာ ရပ်တည်နေပြီး ဆမ်ဒိုးရီးယားအသင်းကတော့ ၁၄ ပွဲကစား ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up