စပိန်လာလီဂါ ဘာစီလိုနာ ၄-၀ ရီးရဲလ်ဆိုစီဒက် (ရုပ်သံဟိုက်လိုက်)

948
နိုဝင်ဘာ ၂၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာက ရီးရဲလ် ဆိုစီဒက်ကို ၄ ဂိုးပြတ်အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။
ဘာစီလာအသင်းဟာ အိမ်ရှင်ဖြစ်တာနဲ့အညီ ပွဲစဉ်တလျှောက်လုံး တဖက်သတ် ဖိကစားသွားခဲ့ပြီး ဂိုးပြတ် အနိုင်ရရှိသွားတာပါ။
ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကို နေမာက ၂၂ မိနစ်နဲ့ ၅၃ မိနစ်မှာ ၂ ဂိုး၊ ဆွာရက်စ်က ၄၁ မိနစ်မှာ ၁ ဂိုးနဲ့ မက်ဆီက မိနစ် ၉၀ မှာ ၁ ဂိုး သွင်းယူခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီပွဲအနိုင်ကြောင့် ၁၃ ပွဲကစား ရမှတ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို ဆက်လက်ဦးဆောင်နေပြီး ရီးရဲလ် ဆိုစီဒက်ကတော့ ၁၃ ပွဲကစား ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။