A d v e r t i s e m e n t With Us

တိုင်ပတ်အက ကမ္ဘာ့ချန်ပီယံ ဖင်လန်နိုင်ငံကရရှိ (ရုပ်သံ)

နိုဝင်ဘာ ၂၇ ရက် ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာချန်ပီယံ တိုင်ပတ် အက အမျိုးသမီးပြိုင်ပွဲမှာ ဖင်လန်နိုင်ငံက တိုင်ပတ် အကမယ် အွန်နာ ကီဗီလာက  ပထမ ရရှိသွားပါတယ်။ ဒီပွဲမှာ နိုင်ငံပေါင်းစုံက တိုင်ပတ်အကမယ် အမျိုးသမီး ၁၀ ဦးကျော် ယှဉ်ပြိုင်ခဲ့ပြီး သူက ပထမရရှိခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ အမျိုးသား၊ အမျိုးသမီး၊ ၂ ယောက်တွဲ၊ မသန်စွမ်းနဲ့ ၄၀ ကျော် မာစတာ ဆိုပြီး အမျိုးအစား ၅ ခုခွဲ ကျင်းပနေတာ ဖြစ်ပါတယ်။ နိုင်ငံ ၁၀ နိုင်ငံကျော်က တိုင်ပတ်အကသမားတွေ အဆင့်အမျိုးမျိုးခွဲထားတဲ့ ပြိုင်ပွဲတွေမှာ ၀င်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ အသက် ၄၀ ကျော်တန်းမှာတော့ သြစတြေးလျ တိုင်ပတ် အကမယ် ဂျိုနာဂျွန်ဆင် လစ်တားဝှဒ်က ပထမရရှိသွားပါတယ်။ အမျိုးသားပြိုင်ပွဲမှာတော့ တရုတ်နိုင်ငံက ဘင်လီက ရရှိသွားပါတယ်။ မသန်စွမ်း တိုင်ပတ်ပြိုင်ပွဲမှာတော့ သြစတြေးလျက လက်တဖက်သာရှိတဲ့ မသန်စွမ်းတိုင်ပတ် အကသမား ဒက်ရိုစ်က ရရှိသွားပါတယ်။ ရုရှားက ကီယာနိုရီတို့အတွဲကတော့ ၂ ယောက်တွဲပြိုင်ပွဲမှာ ပထမရရှိသွားပါတယ်။ သူတို့ ၂ ဦးအတွက် ပထမဆုံးအကြိမ်အတူ တိုင်ပတ်ကခဲ့တာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up