A d v e r t i s e m e n t With Us

ထိုင်းဘုရင်ကြီး မွေးနေ့ကို စစ်သည် ၁၉၈၈ ဦးဖြင့် သရုပ်ဖော်ဂုဏ်ပြု (ရုပ်သံ)

ထိုင်းဘုရင်ကြီးရဲ့ ၈၈ နှစ်မြောက် မွေးနေ့ပွဲကို နိုင်ငံတ၀န်း ကြီးကျယ်ခမ်းနားစွာ ကျင်းပမှာဖြစ်သလို ချုံဘူရီခရိုင်မှာ ထိုင်းရေတပ်က စစ်သည်တော် ၁၉၈၈ ဦးက ဘုရင်ကြီးရဲ့ မွေးနေ့ကို ပုံဖော်ပြီးတော့ ဂုဏ်ပြုခဲ့ကြပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ ကျရောက်တဲ့ ဘုရင်ကြီးမွေးနေ့မှာ ဘုရင်ကြီး ကျန်းမာချမ်းသာပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ ဆိုတဲ့ စားသားနဲ့ သရုပ်ဖော်ဂုဏ်ပြုခဲ့ကြပါတယ်။ ရေတပ်စစ်သည်တော်တွေရဲ့ ထိုင်းဘုရင်ကြီးမွေးနေ့ ဂုဏ်ပြုသရုပ်ဖော် ဗွီဒီယိုဖိုင်ကို ထိုင်းရတ်သတင်းဌာနရဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ ရုပ်သံသတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံ ဘုရင်ကြီး ဘူမိဘော အဒူယာဒက်ရဲ့ ၈၈ နှစ်မြောက် မွေးနေ့ဟာ လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့ ကျရောက်မှာ ဖြစ်ပေမယ့် ဒီဇင်ဘာ ၁ ရက်နေ့က စတင်ပြီး နိုင်ငံတ၀န်း ကျင်းပသွားမှာ ဖြစ်သလို ၁ လလုံး ဘုရင်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ အင်္ကျီအ၀ါ ၀တ်ဆင်သွားကြဖို့ ရှိပါတယ်။ ထိုင်းသတင်းတွေမှာ ရေးသားထားချက်အရ ထိုင်းနိုင်ငံ ၇၆ ခရိုင်မှာ ဘုရင်ကြီးရဲ့ မွေးနေ့အခမ်းအနားတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up