Thursday, June 8, 2023
HomeLead Storyဂင်းနစ် ကမ္ဘာ့မှတ်တမ်းဝင်သွားသည့် သြစတြေးလျ ခရစ္စမတ်သစ်ပင် (ရုပ်သံ)

ဂင်းနစ် ကမ္ဘာ့မှတ်တမ်းဝင်သွားသည့် သြစတြေးလျ ခရစ္စမတ်သစ်ပင် (ရုပ်သံ)


သြစတြေးလျနိုင်ငံ၊ ကန်ဘာရာမြို့မှာ ဖွင့်လှစ်လိုက်တဲ့ ခရစ္စမတ်သစ်ပင်တပင်ဟာ ရောင်စုံမီးအလုံးရေ အများဆုံးနဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က ဂရင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်သွားပါတယ်။

ကင်ဘာရာမြို့လယ်မှာ ကျင်းပတဲ့ မီးသီးအများဆုံး ခရစ္စမတ်သစ်ပင် ကမ္ဘာ့စံချိန်ချိုးပွဲကို မြို့ခံရာနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

ဒီခရစ္စမတ်သစ်ပင်ဟာ ၅ နှစ်ဆက်တိုက် ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့က ယူနီဗာဆယ်စတူဒီယိုရဲ့ ခရစ္စမတ်သစ်ပင်ရဲ့ စံချိန်ကို ချို့လိုက်တာပါ။

ဂျပန်နိုင်ငံက ခရစ္စမတ်သစ်ပင်ကတော့ အမြင့်မီတာ ၃၆ မီတာရှိပေမယ့် မီးသီးအလုံရေ ကတော့ ၃ သိန်း ၇ သောင်းကျော်ပဲရှိပြီး ဒီ သြစတြေးလျနိုင်ငံက သစ်ပင်မှာတော့ မီးသီးအလုံးရေ ၅ သိန်း ၂ သောင်းနီးပါး တပ်ဆင်ထားတာပါ။

ဒီခရစ္စမတ်သစ်ပင်ကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ ကင်ဘာရာမြို့ခံ စီးပွားရေးလုပ်ငန်းရှင်၊ ရှေ့နေတဦးဖြစ်တဲ့ David Richards က ဂရင်းနစ်ကမ္ဘာ့မှတ်တမ်းကို လက်ခံရယူခဲ့ပြီး ၀ါသနာရှင်အများအပြား စုစည်းလုပ်ကိုင်ခဲ့တယ်လို့ ပြောဆိုပါတယ်။

အားလုံးအစီအစဉ်တကျဖြစ်ခဲ့ပြီး မျှော်လင့်ထားတာထက်တောင် အောင်မြင်တဲ့အတွက် အတော်ကို စိတ်လှုပ်ရှားရပါတယ်လို့လည်း ပြောဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular