ဂွါဒီယိုလာကို ချိတ်ဆက်နေခြင်းကို မပူပန်ဟု မန်စီးတီးနည်းပြပြော

ပယ်လီဂရီနီနှင့် ဂွါဒီယိုလာ
884
ဂျာမနီဘွန်ဒစ်လီဂါ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဂွါဒီယိုလာကို ချိတ်ဆက်နေတဲ့ ကောလာဟလတွေကို မပူပန်ဘူးလို့ အင်္ဂလန် ပရီးမီးယားလိဂ် မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောပါတယ်။
သတင်းတွေမှာတော့ ဂွါဒီယိုလာဟာ မန်စီးတီးကို စပိန်လာလီဂါ ဘာစီလိုနာတိုက်စစ်မှူး မက်စီနဲ့အတူ ပြောင်းမယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ဒီရာသီအကုန်မှာ အသက် ၄၄ နှစ် ဂွါဒီယိုလာက ဘိုင်ယန်ကနေ မန်စီးတီးကို ပြောင်းမယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ်။
ဘိုင်ယန် ဥက္ကဋ္ဌကလည်း ဒီနှစ်မကုန်ခင် ဂွါဒီယိုလာရဲ့ အနာဂတ်ကို ကြေညာသွားမယ်လို့ ပြောပါတယ်။ ဟာသာဘာလင်နဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲကိုလည်း ဂွါဒီယိုလာက တက်ေရာက်ခဲ့ခြင်း မရှိပါဘူး။
ပယ်လီဂရီနီကတော့ ဒါတွေဟာ ကောလာဟလတွေဖြစ်သလို ဒီကိစ္စက ပြဿနာ မဟုတ်ဘူးလို့ ပြောပါတယ်။ ၂၀၁၃ ခုနှစ် ဇွန်မှာ ပယ်လီဂရီနီကို မန်စီးတီးအသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။