A d v e r t i s e m e n t With Us

ငလျင်ကြောင့် မောင်းထောင်ကျေးရွာ ဘုရားစေတီနှစ်ဆူ ထီးတော်မြေခ

နိုဝင်ဘာလ ၂၇ ရက် ညနေ ၃ နာရီ ၅ မိနစ်ခန့်က အင်အား ၅.၄ ရစ်ခ်ျစတာစကေးရှိ မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် မောင်းထောင်ကျေးရွာမှာ ဘုရားစေတီနှစ်ဆူ ထီးတော်မြေခခဲ့ပါတယ်။ ထီးတော်မြေခခဲ့တဲ့ ဘုရားစေတီနှစ်ဆူကတေ မာန်အောင်မြင်ဘုရားနဲ့ ဆုံကန်ဘုရားတို့ဖြစ်ပြီး ပြန်လည်ပြုပြင်ထားတဲ့ ရှေးဟောင်းဘုရားတွေ ဖြစ်တယ်လို့ သိရပါတယ်။ တဆူက ငှက်မျက်နားအနီး ကြက်မောက်ကြလန်နားက ပြိုကျပျက်စီးခဲ့ပြီး တဆူမှာ ထီးတော် မာန်တိုင်ပြတ်ကျ ပျက်စီးခဲ့ပါတယ်။ ငလျှင်မလှုပ်ခတ်မီ ဘုရားလာဖူးကြသူတွေ ရှိပေမယ့် ထီးတော်ပြတ်ကျ မြေခမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ ငလျင်ဟာ မုံရွာမြို့နဲ့ အနောက်မြောက်ဘက် ၃၅ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ မိုးလေဝသနဲ့ ဇလဗေဒက သတင်းထုတ်ပြန်ပါတယ်။ သတင်းဓာတ်ပုံ - ရန်နိုင်စိုး  

A d v e r t i s e m e n t With Us

More News
Up